DCUI ၏ System Customization တွင် Root Password ပြောင်းရန်၊ Basic Network
settings နှင့် Trouble shooting Option များ ပါဝင်ပါတယ်။
အသေးစိတ်ပြောမယ်ဆိုရင်တော့
Configure Lockdown Mode - Lockdown feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
Configure Management Network
Configure Password - ESXi Server(host) ၏ root password ကို set/reset ပြုလုပ်ရန် ဖြစ်ပါတယ်။
Configure Management Network
- Network Adapters - မှာတော့ ESXi host နဲ့  ချိတ်ဆက်ထားတဲ့ Network Adapters တွေကို တွေ့ မြင်ရမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ network adapter ကတော့ management network အတွက် အသုံးပြုမှာဖြစ်ပါတယ်။
- IP Configuration - မှာတော့ ESXi host အတွက် အသုံးပြုမည့် IPv4, Subnet Mask နဲ့  Gateway တို့  ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
- IPv6 Configuration - ကတော့ ESXi host အတွက် အသုံးပြုမည့် IPv6 နဲ့  Gateway တို့  ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ (If necessary)
- DNS Configuration - မှာတော့ name ကို resolve လုပ်နိုင်ရန်အတွက် Primary, Secondary DNS Server တို့ IP Address ကိုထည့်ပေးရမှာပါ။ ထို့ အပြင် ESXi ၏ hostname မှာ ရေးပေးရပါမယ်။
- Test Management Network – ကတော့ management network နှင့် connection ရမရ စမ်းသပ်ခြင်းဖြစ်ပါတယ်။
Network
Restore Options
- Restore Network Settings – Networking ပတ်သက်တဲ့ Settings တွေကို restore ပြုလုပ်ခြင်း။
- Restore Standard Switch – Standard Switch မှ Config setting များကို restore ပြုလုပ်ခြင်း။( ဒီ feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။)
- Restore vDS - vDS မှ Config setting များကို restore ပြုလုပ်ခြင်း ။( ဒီ feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။)
Configure
Keyboard - မှာတော့ မိမိ အသုံးပြုလိုတဲ့ Keyboard Type ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
credit:lincisware
Once again, the unusual eyes free online movies looked at him from out of the darkness, but Jack persisted on his search.
ReplyDelete