CNA ကို 867 /1000 နဲ့  February 2013 မှာဖြေဆိုအောင်မြင်ခဲ့ပါတယ်။ Exam ကို Myanmar Knowledge မှာပဲ ဖြေဆိုခဲ့ပါတယ်။ Exam fee က ၂၇၀၀၀၀ လောက် ပေးသွင်းရပါတယ်။ အခုတော့ ၃၄၀၀၀၀ ၀န်းကျင်လောက်ရှိပါတယ်။ Exam မဖြေခင်မှာ ဘယ်နေ့ ဘယ်အချိန် ဖြေလို့ရပြီဆိုတဲ့ Mail တစ်စောင် ၀င်လာပါလိမ့်မယ်။     

       CCNA Exam မှာက တခြားexam မေးခွန်းတွေလို Back ကို နှိပ်ပြီး နောက်ပြန်သွားလို့မရပါဘူး။ တနည်းအားဖြင့် စာပြန်စစ်လို့ မရဘူး ၊ အပုဒ်ကျော်ဖြေလို့ မရဘူးပေါ့။

          CCNA Question Design က ၄ မျိုးရှိပါတယ် ။ Single Choice Question, Multiple Choice Question, Drag and Drop Question, Simulation တွေ ပါပါတယ်။ အပုဒ်ပေါင်းကတော့ average 50~60 ပုဒ် ၀န်းကျင် ဖြေရပါတယ်။ Drag and Drop Question တွေဖြေဆိုရင် picture တွေdrop လုပ်တဲ့အခါ  အံကျဖို့  ဂရုစိုက်သင့်ပါတယ်။ Lab simulation တွေကတော့ packet tracerနဲ့ ပုံစံတူပေမယ့် နဲနဲလေး တဲ့အတွက် ဖြေးဖြေးနဲ့ မှန်မှန် ဖြေဆိုရမှာပါ။ lab ဖြေပီးရင်တော့ copy running-config startup-config ရိုက်ဖို့ တော့ မမေ့ပါနဲ့ ။ 

CCNA exam ဖြေမယ်ဆိုရင် လုပ်ဆောင်သင့်သည့်အချက်များ

၁။ CCNA Exploration လေးနဲ့ တင် လေ့လာရတာ တော်တော်လေး အဆင်ပြေပါတယ်။ Flash based အမျိုးအစားလေးဖြစ်လို့ ပိုမှတ်မိလွယ်ပီး Chapter တစ်ခုပီးဆုံးတိုင်း LAB PDF တွေ Packet Tracer file တွေ ပါ ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Packet Tracer file များကို သေသေချာချာ လေ့လာပါက exam lab simulation အတွက်ပါ မက လက်တွေ့  လုပ်ခွင်အတွက်ပါ အကျိုးကျေးဇူးများရရှိနိုင်မှာပါ။ အမှန်တကယ်တော့ CCNA Exploration ဟာ Cisco Network Academy မှကျောင်းသားများအတွက်သာ ရည်ညွန်းပေးမယ့် File sharing Site တော်တော်များများမှာ တွေ့ နိုင်ပါတယ်။  CCNA Exploration တစ်ခုထဲကို reference လုပ်ပီး Exam ၀င်ဖြေဆိုနိုင်လောက်အောင် ပြီးပြည်.စုံပါတယ်။

၂။ စာအုပ်တွေထဲမှာဆိုရင်တော့ Cisco ရဲ့ CCNA Official certification Guide တွေကို ဖတ်ထားသင့်ပါတယ်
 
၃။ Cisco နဲ့ ပက်သက်လို့ Technology ပဲဖြစ်ဖြစ် Exam ပဲဖြစ်ဖြစ် Certifications ပဲဖြစ်ဖြစ် Articles/WhitePapers တွေပဲဖြစ်ဖြစ် Resources တွေအားလုံးကို တစ်နေရာထဲမှာ ရနိုင်တဲ့ Website ကတော့
Cisco Learning Network ပဲဖြစ်ပါတယ်။ Network Engineer ကို စတင်လေ့လာသူတွေအားလုံး အဲဒီ Website မှာ Account တစ်ခု Register လုပ်ထားပြီး အမြဲမပြတ်လေ့လာသင့်ပါတယ်။
https://learningnetwork.cisco.com/index.jspa (Credit to RHC )     

၎။ Video Training အနေနဲ့ ဆိုရင်တော့ CBTnuggets ကတော့ အကောင်းဆုံးဖြစ်မှာပါ။ လမ်းကြုံရင် အခမဲ့ယူနိုင်ပါတယ်။ (CCNA 100-101,200-101) 8GBလောက်တော့ရှိပါတယ်။

၅။ Lab testing စမ်းမယ်ဆိုရင်တော့ Cisco Packet Tracer နဲ့  GNS3 တို့ ရှိပါတယ်။ Cisco Packet Tracer ကတော့ simulation based ဖြစ်ပေမယ့် CCNA course တစ်ခုလုံး ကို cover ဖြစ်နိုင်ပါတယ်။ GNS3 ကတော့ emulation လုပ်ခွင့်ပေးထားတဲ့အတွက် real lab ပုံစံအတိုင်းဖြစ်ပေမယ့် အခုအချိန်အထိ Router များကို emulate လုပ်ခွင့်ပေးထားပါတယ်။ Switching Lab တွေကိုတော့ Packer Tracer ကိုပဲအားကိုးရမှာပါ။     GNS3 Lab တွေကိုစမ်းချင်တယ်ဆိုရင်တော့  http://gns3vault.com/Labs/all/  မှာ Lab design နဲ့  Video file တွေရှိပါတယ်။

၆။ Cisco ရဲ့မေးခွန်းဟောင်းတွေကိုလေ့လာမယ်ဆိုရင် http://www.9tut.com/ကတော့ အကောင်းဆုံးပါ ။ 9tut မှ LAB simulation တွေကို ထပ်ခါထပ်ခါ လေ့ကျင့်သင့်ပါတယ်။ မေးခွန်းဟောင်း တွေကို ကိုယ့်ဘာသာကိုယ် စမ်းဖြေချင်ရင်တော့ examcollection.com မှာ vce file တွေကို download ရယူနိုင်ပါတယ်။

၇။ Cisco သင်တန်းတွေကတော့ ရန်ကုန်မှာ အများကြီးရှိပါတယ်။ အခုဆိုရင် ပိုကောင်းတာက foreign experience များရှိတဲ့ groupများ ( Unified land , RHC , BIM , etc ) ကလဲ ပြည်တွင်းမှာပင် Training တွေ စဖွင့်နေပါပီ။  ပီးတော့ ရန်ကုန်မှာ Netpro Networking Academy လည်း ကောင်းပါတယ်။ ကျွန်တော်လဲ အဲ့ဒီမှာပဲတက်ခဲ့တာပါ။ Cisco သင်တန်းဖို့ ရွေးချယ်တော့မယ်ဆိုရင် စာမေးပွဲကိုဦးစားပေးတဲ့သင်တန်း မျိုးထက် တကယ်လုပ်ငန်းခွင်မှာအသုံးချနိုင်မယ့် သင်တန်းမျိုးကို သေချာစုံစမ်းပီးမှ ရွေးချယ်သင့်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တစ်ချို့ သောသင်တန်းတွေက မေးခွန်းကျက်ခိုင်းတာတောင် ရှိပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ Job Experience ပါ။ Cisco နဲ့  ပတ်သက်တဲ့ job တစ်ခုတစ်ခုမှာ ၁နှစ် ၂နှစ်လောက် အလုပ်လုပ်ပီးမှ ဖြေဆိုမယ်ဆိုရင်တော့ ပိုပီးကောင်းပါတယ်။ 

အထက်ပါ Blog နှင့်ပတ်သက်၍ ဝေဖန်အကြံပြုလိုပါက thiha10893@gmail.com သို့  mail  ပေးပို့ နိုင်ပါသည်။
credit:lincisware

2 comments:

  1. This time the bushes were even free online movies wider and taller. There have been giant, slippery stones on the woodland flooring, and thick ferns, some a lot taller than the younger boy.

    ReplyDelete
  2. Baccarat Strategy: Where Is It Legal To Play In US? - Wolverione
    In the US, there 인카지노 is no federal ban on betting on single febcasino or virtual 바카라 사이트 games, meaning a number of states have the right to ban or regulate online casinos.

    ReplyDelete

 
Top